ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးကျော်ကျော်ကို ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၇ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီးတရား ရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးကျော်ကျော်ကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၇ ခုနှစ်တွင် ဥပဒေဘွဲ့ကိုရရှိခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် တရားရေးဌာန သို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တိုင်း ဒေသကြီးတရားရေးဦးစီးမှူးရာထူးအထိ (၃၄)နှစ်ကျော် တရားစီရင် ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ဦးကျော်ကျော်(တရားရေး)ကလောင်အမည်ဖြင့် ဥပဒေရေးရာစာအုပ် ( ၆ ) အုပ် ပုံနှိပ် ထုတ်ဝေထားပြီး နိုင်ငံပိုင်သတင်းစာများ နှင့် ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်းတို့တွင် ဥပဒေရေးရာဆောင်းပါး စုစုပေါင်း(၄၇)ပုဒ် ထွက်ရှိထားပါသည်။ ဦးကျော်ကျော် သည် အိမ်ထောင်ရှင်တစ်ဦးဖြစ် ပြီး သမီး (၁)ဦး ၊ သား (၁)ဦးရှိပါသည်။