နေပြည်တော်၊ ဇွန် ၈
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရည်မှန်းချက် (၃) ပါ သတင်းပို့အဖွဲ့အစည်းများ၏ လွှဲပြောင်း ဆောင်ရွက်မှုများ စောင့်ကြည့်စစ်ဆေးမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုစနစ်များ ပိုမိုတိုးတက်လာစေရန် အစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကြီးကြပ်ရေးအာဏာပိုင်၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် AML / CFT ဆိုင်ရာလိုက်နာဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ရှေ့နေရှေ့ရပ်လုပ်ငန်းခွင်(၉)ခုအား ဇွန်လ ၆ နှင့် ၇ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးဝင်းကိုကိုနှင့် အတူ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ဦးစိုးသိန်းနှင့် ဒေါ်ခင်နုသာ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင် ရဲမှူးကိုကိုလေးတို့ကဆောင်ရွက်ခဲ့ကြပြီး Luther Law Firm Limited မှ Managing Director Alexander Bohusch၊ Legal Chance Law Firm မှ ဒေါ်နန်းစုမြတ်နိုးထွဋ်၊ SSMT Consultancy Co, Ltd မှ ဒေါ်စုစုမြတ်၊ Myanmar Legal Mori Hamda Limited မှ ဒေါ်သစ်သစ်အောင်၊ U Tin Yu & Associates Co, Ltd မှ ဒေါ်မေသူဇော်၊ တရားလွှတ်တော်ရှေ့နေများဖြစ်သော ဒေါ်ဝင်းပပသိန်း၊ ဒေါ်ခင်ယုမွန်၊ ဦးထိန်လင်းသန်းနှင့် အထက်တန်းရှေ့နေ ဦးအောင်နိုင်စိုးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။




