ရန်ကုန် ဇူလိုင် ၃၁
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၁၄ ရက် မှ ၁၅ ရက်ထိ Online Virtual စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဇူလိုင်လ ၃၁ ရက် ညနေ(၄း၀၀)နာရီက ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
ရှင်းလင်းပြောကြား
ထပ်ဆင့်ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

တက်ရောက်
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။