တရားလွှတ်တော်

တရားသူကြီး ဒေါ်မာလာထွဋ်

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်မာလာထွဋ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ပြည်ထောင်စုတရား     လွှတ်တော်ချုပ်၊  ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံးတွင် တရားမတရားစီရင်ရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ 

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်မာလာထွဋ်ကို၁၉၆၆ ခုနှစ်တွင် မွေးဖွားပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၉၁ ခုနှစ်တွင် ဥပဒေဘွဲ့ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် စတင်  ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ရာထူးအထိ (၃၂) နှစ်ကျော် တရားစီရင်ရေး    အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။                  ဒေါ်မာလာထွဋ်သည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်ပါသည်။