ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးသောင်းထွေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သတင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးသောင်းထွေး ကို ၁၉၆၅ခုနှစ်တွင်မွေးဖွားပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၇ ခုနှစ်တွင် ဥပဒေဘွဲ့ကို လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် မဟာဥပဒေဘွဲ့အား Niigata University,Japan မှ ရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် တရားရေးဌာနသို့တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးရာထူးအထိ (၃၂)နှစ်ကျော် တရားစီရင်ရေးအဆင့် ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသောင်းထွေးသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီး(၁)ဦးရှိပါ သည်။