တရားလွှတ်တော်

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်စန္ဒာသွယ်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ   မှစ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင် ၂၀၁၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ ပါသည်။

တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၃ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄)အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ရာထူး အထိ (၃၈)နှစ်ကျော် တရားစီရင်ရေး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ ဒေါ်စန္ဒာသွယ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးတစ်ဦးရှိပါသည်။