တရားလွှတ်တော်

တရားသူကြီး ဦးကျော်စွာငြိမ်း

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးကျော်စွာငြိမ်းကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ ပါသည်။ ယခင်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တိုင်းဒေသကြီးတရားရေး ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးကျော်စွာငြိမ်းကို ၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ၁၉၉၄ ခုနှစ်တွင် ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်တွင် စစ်ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့်(၂) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး (၁၅) နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။  ဦးကျော်စွာငြိမ်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သား (၃) ဦး ရှိပါသည်။