ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်ထားထားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး အဖြစ်ခန့်အပ်ခဲ့ပါသည်။ယခင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ထားထားကို ၁၉၆၄ ခုနှစ် တွင်မွေးဖွားပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၅ ခုနှစ်တွင် ဥပဒေဘွဲ့ကို လည်းကောင်း၊ ၁၉၉၄ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူးအထိ (၃၃) နှစ်ကျော် တရားစီရင်ရေး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ထားထားသည် အိမ်ထောင် မရှိသူ တစ်ဦးဖြစ်ပါသည်။