တရားလွှတ်တော်

တရားသူကြီး ဒေါ်နုနုခင်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်နုနုခင်ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊   တရားသူကြီးအဖြစ်  ခန့်အပ်ခဲ့ပါသည်။ ယခင်က  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်နုနုခင်ကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားပါသည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့ကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးအထိ (၃၆) နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။   ဒေါ်နုနုခင်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီး (၃)ဦး ရှိပါသည်။