ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် USAID-PRLM တို့ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ CMP စာရင်းဇယားများ လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် Case Tracking Database နှင့် Auto Generating သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သုံးထပ်ဆောင် သင်တန်းခန်းမ၌ ယနေ့ ၁၈-၁-၂၀၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ပါသည်။
အဆိုပါသင်တန်းတွင် USAID-PRLM မှ Regional Legal Specialist (Yangon) ဦးယောကီးက ဦးဆောင်ဆွေးနွေး သင်ကြားပေးသွားမည်ဖြစ်ပြီး Program Manager ဦးမင်းထွန်းကိုကိုပိုင်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသင်းသင်းဆွေ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်နှင်းကေသီဝင်း၊ ဆိပ်ကမ်းမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးလွှမ်းမိုးအောင်တို့က ကူညီပံ့ပိုးပေးသွားကြမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ ခရိုင်အတွင်းရှိ မြို့နယ်တရားရုံး (၂၇)ရုံး၊ စုစုပေါင်း (၂၉)ရုံးမှ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ သင်တန်းသား စုစုပေါင်း (၅၉)ဦး တက်ရောက်ကြပါသည်။