ရန်ကုန် ဩဂုတ် ၁၇ ရက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ကမ်းလှမ်းလာသည့် နိုင်ငံခြားပညာသင်ဆုများအတွက် အရည်အချင်း ပြည့်မီသော တရားရေးအရာရှိများ ရွေးချယ်စေလွှတ်နိုင်ရန် နိုင်ငံခြားပညာသင်စေလွှတ်ရေး အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ နံနက်(၁၀:၁၅) နာရီ မှ (၁၂:၁၅) နာရီထိ ကျင်းပပြုလုပ်ရာ တရားရေးအရာရှိ (၅)ဦးမှ ဝင်ရောက်ဖြေဆိုပါသည်။