ရန်ကုန် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ ပထမထပ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် COVID-19 ကာလအတွင်း အင်းစိန်အကျဉ်းထောင်သို့ စနစ်တကျ ရီမန်ပေးနိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်တရားသူကြီးများ တက်ရောက်ကြပါသည်။

