သတင်းများ

တရားသူကြီးများ၊ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများမှ Covid-19 ရောဂါ တိုက်ဖျက်ရေးအတွက် စုပေါင်းလှူဒါန်းခြင်း
Post Image

ရန်ကုန် အောက်တိုဘာ ၁၉

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် တရားသူကြီးများ၊ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများမှစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ အလှူငွေ ကျပ် ၂,၀၀၀,၀၀၀ (ကျပ် သိန်းနှစ်ဆယ်တိတိ) နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့သို့ အလှူငွေ ကျပ် ၄၀၅,၀၀၀ (ကျပ် လေးသိန်း ငါးထောင်တိတိ) စုစုပေါင်း ငွေကျပ် ၂,၄၀၅,၀၀၀ (ကျပ် နှစ်ဆယ့်လေးသိန်းငါးထောင်တိတိ) အား အလှူရှင်များအားလုံးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။