သတင်းများ

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ရန်ကုန်တောင်ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်အဆင့်တရားသူကြီးများ ၊ မြို့နယ်အဆင့် တရားသူကြီးများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံ
Post Image

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးသည် ရန်ကုန်တောင်ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်အဆင့်တရားသူကြီးများ ၊ မြို့နယ်အဆင့် တရားသူကြီးများအား Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ ဇွန်လ ၉ ရက်နေ့ နှင့် ၁၁ ရက်နေ့ ညနေ ၀၄:၀၀ နာရီအချိန်များတွင် Covid-19 ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ ပထမ(၆)လပတ်အတွင်း ယခု ဇွန်လအကုန်တွင် တရားရုံးအသီးသီးမှ လက်ကျန်အမှုများ လျော့နည်း ကျဆင်းစေရေး၊ (၅)နှစ်အထက် ကြန့်ကြာနေသော တရားမမှုများ စီမံချက်နှင့်အညီ အမြန်ပြီးပြတ် စေရေး တွန်းအားပေးဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက တင်ပြကြရန်၊ ခရိုင်တရားရုံးများ အနေဖြင့်လည်း မိမိတရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများအား အနီးကပ် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တရားရုံးအသီးသီးရှိ ထူးခြားသောမှုခင်းများရှိလာပါက အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန် ဆွေးနွေးမှာကြားခဲ့ပြီး တရားရုံးအသီးသီး၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။