သတင်းများ

ဥပဒေအထောက်အကူပြု လုပ်ငန်းများ၊ ဝန်ဆောင်မှုများနှင့် ဆိုင်သည့် ကဏ္ဍရပ်များအကြောင်း အသိပညာပေးဆွေးနွေး
Post Image


ရန်ကုန် ဇွန် ၁၇
 
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့်(၄) အစမ်းခန့် လုပ်ငန်းဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးကျော်စွာငြိမ်းမှ သင်တန်းသား၊ သင်တန်းသူ(၅၈)ဦးအား တရားရုံးမှ ဦးဆောင် ဆောင်ရွက်နေသော မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program-CMP)၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး(Court-Led Mediation)နှင့် Alternative Dispute Resolution(ADR) စနစ် သိကောင်းစရာများအား ယနေ့ နံနက် (၈:၀၀ )မှ (၉:၃၀) အချိန်ထိ ဆွေးနွေးပို့ချခဲ့သည်။