သတင်းများ

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Post Image

ရန်ကုန်       ဇွန် ၁

          ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်လှစ်သည့်အခမ်းအနားကို ၁-၆-၂၀၂၂ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ(အပေါ်ထပ်)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/သင်တန်းသူ (၂၀)ဦးတို့ တက်ရောက်ကြပါသည်။