သတင်းများ

အင်းစိန်မြို့နယ် တရားရုံးတွင် (၁-၇-၂၀၂၀) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်(CMP)နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနား

ရန်ကုန် ဇွန် ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာစီမံကိန်း လုပ်ငန်းနယ်ပယ်(၅)ဖြစ်သော “ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့်တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန်”အတွက် အင်းစိန်မြို့နယ် တရားရုံးတွင် (၁-၇-၂၀၂၀) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP)နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၂၂-၆-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်ခန့်တွင် ကျင်းပပြုလုပ်သည်။