သတင်းများ

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းပုံစံများအသုံးပြုပုံနှင့် စာရင်းဇယားများ လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် Case Tracking Database နှင့် Auto Generating သင်တန်းဖွင့်ခြင်း

ရန်ကုန် ဇူလိုင် ၆
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းပုံစံများအသုံးပြုပုံနှင့် စာရင်း ဇယားများ လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် Case Tracking Database နှင့် Auto Generating သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ သုံးထပ်ဆောင် သင်တန်းခန်းမ၌ ၄-၇-၂၀၂၀ ရက်နေ့ နှင့် ၅-၇-၂၀၂၀ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)များဖြစ်သော ဒေါ်ခင်လင်း နှင့် ဒေါ်နန်းသင်းသင်းဆွေ ၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင့်တင့်မော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဒေါ်နှင်းကေသီဝင်း တို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်တရားရုံး(၇)ရုံး၊ တရားသူကြီးများနှင့် တရားရုံး ဝန်ထမ်းများ သင်တန်းသား စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။