သတင်းများ

(၃၀) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်း
Post Image

ရန်ကုန် ဖေဖော်ဝါရီလ  ၂၁

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၅ ရက် မှ ၆ ရက်ထိ ဗီဒီယိုကွန်ဖရင့်   စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်   ခွင့်ရ ဒေသတရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် ညနေ(၄း၀၀)နာရီက ရန်ကုန်တိုင်း   ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ရှင်းလင်းပြောကြား

ထပ်ဆင့်ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။

တက်ရောက်

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့်    တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၄၇)ဦး တက်ရောက်ခဲ့ကြသည်။