သတင်းများ

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆောင်ရွက် ရာတွင် စာရင်းဇယားများ လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် Case Tracking Database နှင့် Auto Generating သင်တန်းဖွင့်လှစ်ခြင်း
Post Image

ရန်ကုန် ဇူလိုင် ၁၃
 
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆောင်ရွက်ရာတွင် စာရင်းဇယားများ လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် Case Tracking Database နှင့် Auto Generating သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ သုံးထပ်ဆောင် သင်တန်းခန်းမ၌ ၁၂-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင့်တင့်မော်မှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး (၉)ရုံးမှ၊ တရားသူကြီးများနှင့် တရားရုံး ဝန်ထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။