ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၂၈)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
ရန်ကုန်မြို့ ဇူလိုင်လ ၃၀
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂၈)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/ သင်တန်းသူ(၈၀)ဦး တက်ရောက်ကြပါသည်။