ရန်ကုန် ဩဂုတ် ၇
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ၅-၁၁-၂၀၁၈ ရက်နေ့မှ ၃၀-၁၁-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၇၉)တွင် စံပြဆုရရှိခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှ ဒုတိယမြို့နယ် တရားသူကြီး ဦးဟိန်းလွင်ထူး (တ/၃၆၁၅)အား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် (၀၈:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဆုရရှိခဲ့သည့် တရားရေးအရာရှိအား ပြည်ထောင်စုတရားသူကြီးချုပ်မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းကို ပြည်ထောင်စုတရားသူကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်မှ ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ် ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဆုရရှိသူ တရားရေးအရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အခမ်းအနားကို နံနက်(၀၈:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။

